မြန်မာ့စီးပွားရေး တိုးတက်မှု့အတွက် လာဘ်စာမှု့ပြီးရင်
- Get link
- X
- Other Apps
မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် လာဘ်စားမှုပြီးလျှင် အပြင်းထန်ဆုံး အတားအဆီးမှာ အရည်အချင်းပြည့်မီသော လုပ်သားလိုအပ်ချက် ဖြစ်နေဟု ဗြိတိန်စစ်တမ်းတစ်ခုတွင် ဖော်ပြ
မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှ အခြေခံလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုအတွက် လာဘ်စားမှုပြီးလျှင် အပြင်းထန်ဆုံး အတားအဆီးမှာ အရည်အချင်းပြည့်မီသော လုပ်သားလိုအပ်ချက် ဖြစ်နေသည်ဟု ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့ကြီးက ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် စီးပွားရေးကဏ္ဍအသစ်များမှ အရည်အချင်းပြည့်မီသော လုပ်သားလိုအပ်ချက်မှာလည်း အထူးမြင့်တက်လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို နောက်ပြန်ဆွဲနေသော အချက်ထဲတွင် အရည်အချင်းရှိသော လုပ်သားအင်အားစု ချို့တဲ့ခြင်းပါဝင်နေပြီး နိုင်ငံအနေနှင့် အရည်အချင်းပြည့်မီသော လုပ်သားအင်အားစုကို မွေးထုတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ အရည်အချင်းမြင့် လုပ်သားလိုအပ်ချက်မြင့်မားနေသည့် အချက်များထဲတွင် အဆင့်မီသော လေ့ကျင့်ရေး သင်တန်းကျောင်းများ နည်းပါးခြင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်းတို့ ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းရှိ ပြီး ၎င်းတို့အနက် ၃၁ သန်းကျော်မှာ လုပ်သားအင်အားစု ဖြစ်နေသဖြင့် အလားအလာကောင်းများ ရှိနေသော်လည်း တက္ကသိုလ်သို့ စာရင်းသွင်းသည့် ပမာဏမှာ ၁၁ ရာခိုင်နှုန်းသာ ရှိကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလားအလာရှိသော ကဏ္ဍများ၏ ၈၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့မှ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။
အဆိုပါကဏ္ဍများမှ အလုပ်အကိုင် ပေးအပ်နိုင်မှုတွင် စိုက်ပျိုးရေးကဏ္ဍက အမြင့်ဆုံးဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၅၀ ဒသမ ၂ ရာခိုင်နှုန်း ရှိနေသော်လည်း စက်ပစ္စည်းများ အစားထိုး သုံးစွဲလာမှုကြောင့် နောက်ပိုင်းတွင် လုပ်သားလိုအပ်ချက်ကို လျှော့ချလာနိုင်ဖွယ် ရှိနေသည်ဟု ဆိုသည်။
ကုန်ထုတ်လုပ်မှုနှင့် ဟိုတယ်ခရီးလုပ်ငန်းကဏ္ဍများမှာ အလုပ်အကိုင်ဖန်တီးပေးနိုင်သော ကဏ္ဍများအဖြစ် ရှေ့တန်းရောက်လာပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်း ၉ ဒသမ ၉ သန်း ဖန်တီးပေး နိုင်မည်ဟု ခန့်မှန်းထားသည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သော စစ်တမ်းများအရ အာဆီယံဒေသတွင်းတွင် မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုအတွက် ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်လာနေပြီး ကိုကာကိုလာကုမ္ပဏီက ဥပမာကောင်းတစ်ရပ်အဖြစ် လုပ်သားပေါင်း ၂၅၀၀ ကို အလုပ်အကိုင်ပေးထားပြီး နောင်တွင် အလုပ်အကိုင် ပေါင်း ၂၀၅၀၀ အထိ တိုးတက်ခန့်အပ်နိုင်ဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
အခြေခံအဆောက်အအုံ ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင် ကျွမ်းကျင်အလုပ်သမား လိုအပ်ချက်လည်း ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေးကဏ္ဍ တစ်ခုတည်းမှ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်းနှစ်သန်း ဖန်တီးပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ အိမ်ခြံမြေ ရင်းနှီးတည်ဆောက်သည့် လုပ်ငန်းရှင်များမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် ၎င်းတို့နိုင်ငံမှ အလုပ်သမားများ ခေါ်ဆောင်လာကြကြောင်း သိရသည်။
ထို့အတူ ဘဏ္ဍာရေးကဏ္ဍတွင် အလုပ်သမား လိုအပ်ချက်မှာလည်း အလွန်မြင့်မားနေပြီး ကျွမ်းကျင်လုပ်သား ရှားပါးမှု မြင့်တက်နေကြောင်း သိရသည်။
- See more at: http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%9C%E1%80%AC%E1%80%98%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%82%88%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%9C%E1%80%BD%E1%80%BA%E1%80%84%E1%80%B9-%E1%80%A1%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%94%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%80%A1%E1%80%90%E1%80%AC%E1%80%B8%E1%80%A1%E1%80%86%E1%80%AE%E1%80%B8%E1%80%99%E1%80%BD%E1%80%AC#sthash.Kt0xeTro.dpuf
- Get link
- X
- Other Apps
Comments
Post a Comment